သူတစ်ပါးစီးပွားရေးအား အတုခိုးခြင်း (For Myanmar audience in Myanamr Language)

ခေါင်းစဉ်ကြောင့် လန့်မသွားပါနဲ့။ တကယ်လည်း သူများစီးပွားရေး အတုခိုးဖို့ တိုက်တွန်းတဲ့ အကြောင်းအရာပါပဲ။ ဒီအကြောင်းကို ဟားဗတ်စီးပွားရေးစင်တာမှာ ပညာရှင်များ ပြောဆိုတာဟာလည်း လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကတည်းကဖြစ်ပါတယ်။ ဒီ အိုင်ဒီယာကို မြန်မာပြည်မှာတကယ်တန်း လက်တွေ့ အသုံးချနေသူများလည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ တဖြည်းဖြည်း ပေါ်ပေါက်လာပါတယ်။ တကယ်တန်းကျ ၂၀၁၂ နောက်ပိုင်းမှ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းမှ အောင်မြင်ပြီးသွား စီးပွားရေး ပုံစံတွေကို မြန်မာပြည်မှာ အတုခိုး လုပ်ကိုင်ပြီး အောင်မြင်နေတာတွေ သာဓကပေါင်းများစွာ ရှိပါတယ်။ ဒါကိုတရုတ်စီးပွားရေး ပညာလို့လည်း ကြံကြံဖန်ဖန်ခေါ်ကြပါတယ်။ အတုခိုးတဲ့နေရာမှာ တူမတူအောင် ထူးချွန်တာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ယခု ဆွေးနွေးမှာကတာ့ မြန်မာပြည်နဲ့ ဆက်စပ်တာကိုပဲ အရေးပေးသွားမှာ ဖြစ်ပါတယ်။